ဘယ်ရည်းစားကို အချစ်ဆုံးလဲ



ဒီတစ်ခေါက် မမကြီး ခရီးထွက်လာပြီးမှ ပြန်လာရာတွင်…
သူမကို သက်အောင်နှင့်ကိစ္စအား ကန့်ကွက်ခြင်းမရှိတော့သဖြင့် သွယ်သွယ်လှိုင်ထူးဆန်းနေသည်။
သက်အောင်အကြောင်းတွေကိုလည်း ခဏခဏမေးသည်။
သြော်..မမကြီးကကိုယ့်ညီမကို အလိုတော့လိုက်သားဘဲလို့ထင်မိသည်။
တစ်နေ့..သူမ စူပါမားကတ်တစ်ခုတွင် လိုအပ်တာလေးတွေသွားဝယ်သောအခါ….
မမကြီးကို အမျိုးသားတစ်ယောက်နှင့် မြင်လိုက်ရသဖြင့် ထူးဆန်းသွားပြီး
လိုက်ကြည့်သော အခါ…..သက်အောင်ဖြစ်နေတာကိုသူမတွေ့လိုက်ရသည်။
တကယ်တော့ ထိုနေ့က ဒေါ်ယုယလှိုင်က သက်အောင်ကိုခေါ်လာပြီး
အ၀တ်အစားတွေဝယ်ပေးသည့်နေ့ဖြစ်သည်…အတန်တန်ငြင်းပေမဲ့
ဒေါ်ယုယလှိုင် အတင်းခေါ်သဖြင့် သက်အောင်ပါသွားသည့်နေ့။
ပြောရလျှင်တော့ ဒေါ်ယုယလှိုင်၏ မသိစိတ်က သက်အောင်အပေါ်
တိမ်းညွှတ်နေတာ သူမကိုသူမမသိ။
စစ်ကိုင်း အပြန်လမ်းမှာ ဖြစ်ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်းတွင် ဒေါ်ယုယလှိုင်ကား
သက်အောင်ဆီကို ခဏခဏလာလည်သည်။
သက်အောင်ကတော့ သူမညီမသွယ်သွယ်လှိုင်နှင့်ကိစ္စကိုကန့်ကွက်ဖို့လာသည်ထင်တာ။
သူထင်သလိုမဟုတ်။ ထိုအကြောင်းတစ်လုံးမှမပြောသည့်အပြင်။
သူ့ကို အကြောင်းအမျိုးမျိုးပြပြီး အပြင်ကိုလိုက်ဖို့ခေါ်သဖြင့် အားနာနာနဲ့ပါသွားရခြင်းသာ။
ထိုသို့ အားနာခြင်းကပင် သူနှင့် မမသွယ်သွယ်လှိုင်တို့ ဇာတ်လမ်းကို အဆုံးသတ်သွားခဲ့
စေရမှန်း ထိုအချိန်က သူသိခဲ့လျင်ဖြင့်။
မမသွယ်သွယ်လှိုင်ကား ကုန်တိုက်မှာ သူ့အမဒေါ်ယုယလှိုင်နှင့် သူ့ကိုမြင်ပြီးအထင်လွဲသွားသည်။
ဒေါ်ယုယလှိုင်ကလည်း သူ့ကိုမောင်လေးအရင်းလိုသဘောထားသည်ဟု ထင်မြင်မိခဲ့သည်။
အပြင်ထွက်သည့် အခါများတွင် သူနှင့်ပူးပူးကပ်ကပ်နေတာကို သူသဘောမထားမိခဲ့။
တကယ်တော့ ဒေါ်ယုယလှိုင်ကလည်း သူမမသိစိတ်ထဲတွင်ဖြစ်ပေါ်နေသည်များကို
အမှတ်မထင်ပြုလုပ်မိသွားခြင်းဖြစ်သည်။
ပြောရလျင်တော့ သက်အောင်ကို သူမချစ်မိသွားတာပေါ့လေ။
(၁၈)
အချိန်ကား ည(၁၂)နာရီခန့်ရှိပြီ….။
သွယ်သွယ်လှိုင်ကား ညဘက်အိပ်မပျော်သဖြင့် အိမ်အပေါ်ထပ်ဝရန်တာဘက်သို့ ထွက်ခဲ့သည်။
ဖေဖေမေမေတို့ အခန်းဘက်ကြည့်တော့ တံခါးပိတ်ထားသည်။ အိပ်နေပြီ ထင်သည်။
ခြေကိုဖော့ကာ နင်းလျှောက်ရင်း အခန်းရှေ့မှ အသာအယာဖြတ်ခဲ့သည်။
နေ့လည်က မမကြီးနှင့် သက်အောင်ကိုမြင်လိုက်ရတာ သူမဘ၀င်မကျသလိုလိုခံစားရသည်။
မမကြီး အခန်းက တံခါးပွင့်နေတာကို သူမတွေ့ရသည်…မမကြီးဘယ်များသွားပါလိမ့်
အောက်ထပ်ခဏဆင်းသွားတာထင်သည်…။
ဝရန်တာဘက်ထွက်လာတော့..မမကြီးတစ်ယောက်ဝရန်တာမှာ ဖုန်းပြောနေတာတွေ့ရသည်။
သူမကိုကျောပေးပြီး ပြောနေသဖြင့် သူမလာတာကိုမမြင်။
ကြည်ပြာရယ်…..။
သူက ငါ့ညီမရည်းစားဟ..နင်အထင်လွဲနေတာပါဟာ။
ဖုန်းကစပီကာဖွင့်ပြောနေသဖြင့်ရှင်းလင်းပြတ်သားစွာကြားနေရပါတယ်…။
ကောင်လေးက ငါ့အပေါ်ရိုးရိုးသားသားပါဟာ..ငါကသာလေ။
ဒါပေမဲ့မဖြစ်နိုင်တော့ပါဘူးလေ….ငါလေ..ညီမလေးအပေါ်ကို သစ္စာမဖောက်ချင်ဘူး။
တစ်ဖက်မှမမသူငယ်ချင်းကြည်ပြာ၏ အသံကိုကြားရသည်။
အပျိုကြီးရယ်..ဖြစ်မှဖြစ်ရလေဟာ…ဘယ်သူ့ကိုမှမချစ်ဖူးခဲ့တဲ့နင်က…
ချစ်မိသွားတော့လဲ…နင့်ညီမနှစ်ယောက်လုံးနဲ့ ပတ်သက်ဖူးတဲ့သူကိုမှဟယ်…
စိတ်မကောင်းလိုက်တာဟာ…နင့်အဖြစ်ကလဲ…။
အသံများတိတ်ဆိတ်သွားသည်…
ရှိုက်သံတစ်ချက်ထွက်လာတာကို သွယ်သွယ်လှိုင်ကြားလိုက်ရသည်..။
မမကြီး ငိုနေတာထင်တယ်…။
ကဲ…ခံစားမနေပါနဲ့..အပျိုကြီးရယ်…
နင့်မလဲ အသည်းကနုလိုက်တာ…ထင်တောင်မထင်ထားဘူး..ငါ့သူငယ်ချင်းလေး။
တစ်ဖက်မှ မမကြည်ပြာ၏ အသံကိုကြားရသည်။
မမကြီးကို စကားအတူတူပြောဖို့ ရည်ရွယ်နေသော သွယ်သွယ်လှိုင်၏ ခြေလှမ်းများ
ရပ်တန့်သွားခဲ့သည်။ ရှေ့ဆက်တိုးရမလား…နောက်ကိုဆုတ်ရမလားစဉ်းစားနေဆဲမှာပင်။
မမကြီးယုယလှိုင်ကားဖုန်းပြောရင်းနဲ့ အနောက်ဘက်သို့ လှည့်လာသည်။
ညီ..ညီမလေး…
လက်ထဲမှ ဖုန်းကကြမ်းပြင်ပေါ်သို့ လွတ်ကျသွားသည်။
တုန်လှုပ်မှုနှင့် အတူမမကြီးရဲ့မျက်နှာက ပျက်ယွင်းသွားပြီး သူမမျက်နှာပေါ်မှာ
ရစ်ဝဲကျဆင်းနေသည့် မျက်ရည်များကို ဖုံးဖိရန်ကြိုးစားသော်လည်းအချိန်မမီတော့။
ဖြစ်မှဖြစ်ရလေ…မမရယ်…
ကလေးလေးတစ်ယောက်လို တုန်လှုပ်နေသည့် မမကြီး၏ ခန္ဓာကိုယ်ကို ဖက်ရင်းဖြင့်
သွယ်သွယ်လှိုင် တစ်ယောက် မမကြီးကို ဘယ်လိုနှစ်သိမ့်ရမှန်းမသိတော့။
ကြမ်းပြင်ပေါ်ကျသွားသောဖုန်းထဲမှ…
ဟဲ့…ယုယ..ဘာဖြစ်တာလဲ…ဟူသော မမသူငယ်ချင်း ကြည်ပြာ၏ အသံကိုကြားရလေသည်။
(၁၉)
မမသွယ်သွယ်လှိုင်တစ်ယောက် သူမမိတ်ဆွေ တက္ကသိုလ်မှဆရာတစ်ဦးနှင့်လက်ထပ်တော့မည်
ဟူသောသတင်းကို သက်အောင်တစ်ယောက် သိရှိလိုက်ရပါပြီ။
လွန်ခဲ့သော တစ်ပတ်ခန့်ကတည်းက မမသွယ်သွယ်လှိုင်ဆီဖုန်းဆက်တိုင်းဖုန်းမကိုင်တာ
ဒါကြောင့်ကိုး။ မိန်းမတွေဟာဒီလိုချည်းပါဘဲလား။
နောက်ဆုံးတော့လည်း ငွေကြေးချမ်းသာသူ ဂုဏ်သရေရှိသူကိုမှရွေးပြီးလက်ထပ်ကြတာပါလေ။
နှစ်ကြိမ်မြောက်ခံစားရခြင်းဖြစ်သဖြင့် သူ့အတွက် ခံစားချက်ကို ထိန်းသိမ်းနိုင်ခဲ့ပြီ။
ကိုသက်အောင် ဖုန်းလာနေတယ်ရှင့် …မယုယလှိုင်တဲ့
သူ့နေသော အိမ်ပိုင်ရှင် အိမ်မှဖုန်း။သူလည်းထသွားလိုက်သည်။
ဟဲလိုပြောပါ…မမ…။
မောင်လေး အရမ်းခံစားနေရမှာဘဲနော်..မောင်လေး။
မမလဲစိတ်မကောင်းပါဘူးကွယ်….မမတိုက်တွန်းလို့မဟုတ်ပါဘူး။
ညီမလေးကသူ့ဆုံးဖြတ်ချက်နဲ့သူပါ….။
သိပါတယ်မမ….နောက်ဆုံးတော့ဒီလိုပါဘဲလေ….
မင်္ဂလာဆောင်နေ့ကျရင်…ကျွန်တော်လာခဲ့ပါ့မယ်.။
အေးပါ..မောင်လေးရယ်…မမတကယ်ကိုစိတ်မကောင်းဖြစ်မိတာပါ။
ကျွန်တော်…အခုအချိန်မှာ စကားမပြောချင်လို့…
နားလည်ပါတယ်မောင်လေး…မောင်လေးတစ်ယောက်ထဲ နေချင်တယ်ဆိုတာမမသိတယ်။
ဒေါ်ယုယလှိုင်ကား သူ့ကိုနှစ်သိမ့်နေခြင်းဖြစ်သည်။
ဘာတွေဖြစ်ကုန်တာလဲလောကကြီးရယ်ဟု သူတွေးနေမိသည်။
အိမ်သို့ ပြန်ပြီး.စီးကရက်တွေကို တစ်လိပ်ပြီးတစ်လိပ်ထိုင်ဖွာနေမိသည်။
သူစာတစ်စောင်အားကောက်ရေးလိုက်သည်…။
မမကြီးယုယလှိုင်ထံပေးသောစာ….။
မမယုယလှိုင်နဲ့..မမသွယ်သွယ်လှိုင်…
ကျွန်တော်အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်..။
ကျွန်တော်ခံစားနိုင်စွမ်းမရှိတော့လို့ နယ်ကိုပြန်ပါတော့မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
မမကြီးအနေနဲ့ ကျွန်တော့ကို မောင်လေးအရင်းလိုသဘောထားပေးခဲ့တဲ့အတွက်ရော
မမသွယ်သွယ်လှိုင်အနေနဲ့ မမညီမလေးမို့မို့လှိုင်နဲ့ပတ်သက်ပြီး.
ကျွန်တော်ရရှိခဲ့တဲ့ နာကျင်မှုတွေကို အတိုင်းအတာတစ်ခုအထိကုစားပေးခဲ့တဲ့အတွက်
အားလုံးအတွက် ကျေးဇူးတင်ပါတယ်။
တကယ်တော့ ကျွန်တော်ကမှားတာပါလေ….အနူလက်နဲ့မှ ရွှေခွက်ကို နှိုက်ချင်ခဲ့တာကိုး။
ကိုယ့်ကိုယ်ကိုနားလည်သွားပါပြီ။
နှုတ်ဆက်ခဲ့ပါတယ်….(သက်အောင်)
(၂၀)
တုန်ယင်နေသော လက်များဖြင့် ယုယလှိုင်စာကိုဖတ်ရင်း သူမမျက်လုံးများကေ၀၀ါးလာသည်။
မျက်ရည်တွေနဲ့ေ၀၀ါးသွားတာပါ။
မဖြစ်ရဘူးနော်..ဒီလိုမဖြစ်ရဘူး…။
သွယ်သွယ်လှိုင်ကား သူမကြောင့် သက်အောင်ကိုသစ်စိမ်းချိုးချိုးခဲ့ခြင်းဖြစ်သည်။
အားလုံးမမကြောင့်ပါမောင်ရယ်…မင်းလေးဒီလိုမဖြစ်ရဘူး..မဖြစ်ရဘူး…
သူမနှုတ်မှရေရွက်လိုက်သည်..။
သက်အောင်ရယ်…မင်းကိုလေ…မမ..မမက…
သူမအရူးတစ်ယောက်လိုရေရွက်နေမိသည်။ သွယ်သွယ်လှိုင်ရဲ့ မင်္ဂလာဆောင်
အခမ်းအနားကပြီးခါနီးနေပြီ။ သူမဘာဆက်လုပ်ရမလဲ။
သူမသက်အောင်ကို မှီနိုင်သေးသည်။
သူမထွက်လာခဲ့ပြီး ကားကို အမြန်မောင်းလိုက်သည်။
ကံကောင်းထောက်မလို့ မင်းလေးကိုမှီပါစေ…သက်အောင်ရယ်။
သက်အောင် ငှားနေသော အိမ်ဆီသို့ကားကို အမြန်မောင်းလိုက်သည်။
အိမ်ရှေ့တွင် ကားကိုရပ်လိုက်ပြီး ကမန်းကတန်းဆင်းခဲ့သည်…။
သူမရင်ထဲဟာခနဲဖြစ်သွားသည်…အိမ်တံခါးကသော့ခတ်ထားသည်..။
ဒါဆို…သူမနောက်ကျသွားပြီပေါ့….။
သက်အောင်ရယ်…မင်းကိုမမချစ်တယ်ဆိုတာမင်းကိုသိစေချင်လိုက်တာကွယ်..။
မင်းဘ၀လေးကို ပန်းလေးတစ်ပွင့်ဖြစ်အောင်မမဖန်ဆင်းခွင့်ရှိချင်လိုက်တာ။
မင်းရဲ့ အထီးကျန်နေတဲ့ ဘ၀လေးကိုလွတ်မြောက်အောင် မမကူညီခွင့်မရနိုင်တော့ဘူးလားကွယ်။
အခုတော့..လေ..မမလေ…မင်းကို..မင်းကို…
ကျဆင်းလာသော မျက်ရည်များကိုပင်မသုတ်နိုင်တော့။
ရှက်လည်းမရှက်နိုင်တော့ပါ။ ကားဆီသို့လေးဖင့်သောခြေလှမ်းများဖြင့်
လျှောက်လာရင်း တံခါးကိုဆွဲဖွင့်ကာစိတ်ပျက်လက်ပစ်ထိုင်ချလိုက်သည်။
ဘယ်လိုဆက်လုပ်ရမှန်းမသိတော့..။
(၂၁)
သက်အောင်ကား အထုပ်ကိုဆွဲကာ သူ၏အိမ်လေးဆီသို့လျှောက်လာခဲ့သည်။
ဒီအိမ်လေးက သူ့မိဘများမဆုံးပါးခင်က အမွေအနှစ်ရထားခဲ့သော အိမ်ကလေး။
ဒီမြို့လေးမှာရှိသော အိမ်လေးဆီသို့အသည်းကွဲဒဏ်ရာများနှင့်အတူ ပြန်လာခဲ့ပြီ။
စိတ်လေလေနှင့် လျှောက်သွားနေသဖြင့်မြို့ကိုတန်းမပြန်ဖြစ်ခဲ့။
လျှောက်လည်နေခဲ့ပြီးမန္တလေးမြို့မှ ထွက်လာပြီး တစ်ပတ်ခန့်အကြာမှသာမြို့သို့ပြန်လာခဲ့သည်။
သူ့အိမ်လေးရဲ့သော့ကို အပ်နှံထားသော သူ့အိမ်မရောက်ခင်
လမ်းထိပ်မှ ကိုမြသောင်းတို့လင်မယားအိမ်ကိုဝင်ခဲ့သည်။
ဦးမြသောင်းရေ…ဦးမြသောင်း…။
ဟေ…ဘယ်သူလဲကွ…
ဦးမြသောင်းကား အိမ်ထဲမှထွက်လာသည်.။
ဟာ..မိန်းမရေ..သက်အောင်ကြီးပြန်လာပြီဟေ့…။
ဟယ်တော့…သက်အောင်ကြီး မိန်းမရပြီးမှ အသားအရေတွေစိုပြေလို့။
ခင်ဗျာ…မိန်းမ…သူနားမလည်နိုင်ဖြစ်သွားသည်…။
အမလေးသက်အောင်ရယ်..ရှက်မနေပါနဲ့..နင့်မိန်းမချောချောလှလှလေးယူတာတောင်
ငါတို့ကိုအကြောင်းမကြားဘူးနော်…ကောင်စုတ်။
ဦးမြသောင်းမိန်းမ မတင့် ကသူ့ကိုစကားနာထိုးနေပြန်ပြီ။
သူပင်ကြောင်အမ်းကြီးဖြစ်နေသည်…။
အမလေး..ကိုယ်တော်..ခုမှတော့မရဘူး..နင့်အရင် နင့်မိန်းမကလွန်ခဲ့တဲ့ (၃)ရက်ကရောက်လို့
နင့်အိမ်သော့လာတောင်းလို့ပေးလိုက်ပြီဟဲ့..တကထဲ ကိုယ့်မိန်းမချောချောလေးကို
နင့်မို့လို့စိတ်ချလက်ချလွတ်တယ်..။
သွားသွား…နင့်အိမ်မှာ နင့်မိန်းမစောင့်နေတော့မယ်။ သူကပြောတယ်နင်ဒီနေ့လောက်ရောက်မှာတဲ့။
သိပြီးသား..
သက်အောင်ခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း အိမ်ဆီသို့ရောက်လာခဲ့သည်။
လူကအသည်းကွဲဝေဒနာနဲ့ မြို့ပြန်လာပါတယ်ဆိုမှ ဘယ်ကမှန်းမသိသောမိန်းမက သူ့အိမ်ပေါ်တက်နေပြီ။
.ဒီပြသနာကိုရှင်းမှဖြစ်မယ်..ဟုတွေးကာ သူ့အိမ်ဆီသို့ အတွေးများဖြင့် လျှောက်လာခဲ့သည်။
(၂၂)
အိမ်ဝင်းထဲသို့ဝင်ခဲ့သည် သူ့အိမ်လေးကသန့်ရှင်းသပ်ရပ်နေသလို….
ပြတင်းပေါက်မှာလည်း အပြာနုရောင်လိုက်ကာစအသစ်လေးတွေ တပ်ထားတာကိုတွေ့ရသည်။
ပိုင်စိုးပိုင်နင်းပါလား…။
အိမ်ထဲသို့ဝင်ခဲ့ပြီး သူအထုပ်ကိုချကာ အိမ်ထဲသို့ မျက်လုံးကစားလိုက်သည်။..
အိမ်ထဲတွင်တော့ လူရှင်းနေသည်။ သူ့မိန်းမဆိုသော အမျိုးသမီးဘယ်ရောက်နေပါလိမ့်။
အိမ်ခန်းထဲမှ သီချင်းညဉ်းသံကြားရသည်…။
ဘယ်ရည်းစားကိုအချစ်ဆုံးဆိုတာပြောပြပါမောင်ရယ်..ကျွန်မသိပါရစေ…
ကတောက်စ်…ဒင်းက သူ့အိမ်ကို သူမအိမ်လိုသဘောထားပြီးသီချင်းတွေတောင်ဆိုနေသေး…။
အခန်းတံခါးကို ၀ုန်းခနဲဆွဲဖွင့်လိုက်ပြီး….
ခင်ဗျား…ဘယ်သူ..ဘယ်သူ…သူ့နှုတ်ခမ်းတွေဆွံ့အသွားသည်။။။
အမျိုးသမီးက သူ့ဘက်ကိုလှည့်လာတာကိုး….။
မမ..ယု.ယု..ယ..သူ့နှုတ်မှ စကားသံက တုန်တုန်ယင်ယင်ဖြင့်ထွက်ပေါ်လာသည်..
ခစ်ခစ်..ယုယလှိုင်က အသံလွင်လွင်လေးဖြင့်ရယ်လိုက်သည်…
သူယုံပင်မယုံနိုင်…။ ဘာဆက်ပြောလို့ပြောရမှန်းမသိ။
ဟွန်း…ကောင်ဆိုးလေး..ခုတော့ဘာတတ်နိုင်သေးလဲ…။
မင်းလေးက မမကိုထားပြီးထွက်ပြေးသွားတော့ မမလိုက်လာရတာပေါ့။
ခင်ဗျာ…
ဗျာတွေ…ဘာတွေလုပ်မနေနဲ့..မင်းကိုရော..မင်းအိမ်ကိုရောမမသိမ်းလိုက်ပြီဆို..
မင်းသဘောတူရဲ့လား…
သက်အောင်ကြောင်တောင်တောင်ဖြစ်နေသည်..ဘာတွေကနေဘယ်လိုဖြစ်ကုန်မှန်းမသိတော့။
ခစ်ခစ်..မင်းသဘောတူတူမတူတူ…မမကတော့မင်းကိုသိမ်းလိုက်ပြီ..ဒါဘဲ..
ဟုတ်..ဟုတ်…ယောင်ပြီးထွက်ကုန်ပြီ။
ဟာ..မဟုတ်..မဟုတ်…။
မမယုယလှိုင်ကား သူ့ဆီသို့ လှုပ်လီလှုပ်လဲ့ခြေလှမ်းများဖြင့်တစ်လှမ်းချင်းလျှောက်လာသည်။
ဖြူဥနေသောမျက်နှာ ဖွံ့ထွားသောရင် စွင့်ကားသောတင်၊ သေးကျင်သောခါးနှင့်မဟာဆန်သော
မမယုယလှိုင်၏အလှကြောင့် သူ့ရင်တွေ တဒိတ်ဒိတ်ခုန်လာပါတယ်…။
(၂၃)
အချစ်နှင့်တွေ့လျင်လူတွေအားလုံး အရှက်မရှိနိုင်တော့တာသေချာသည်။
ယုယလှိုင်ကား သက်အောင်ချစ်တာကို အရမ်းကိုခံယူချင်နေပြီ.။
အတွေ့အကြုံမရှိသော အပျိုကြီးမမကား ဒီတစ်ခါတော့ မရှက်နိုင်တော့။
သက်အောင်ဆီလှမ်းလာရင်း သူမအကျီကြယ်သီးများကိုဖြုတ်ချကာ…
ထမိန်ကိုချွတ်ချလိုက်သည်။
ကွင်းလုံးပုံကျသွားသောထမီနှင့်အတူ ..
ဖြောင့်စင်းသောပေါင်တံနှစ်ချောင်း သွယ်လျပြီး ၀င်းဝါနေသည့် သလုံးသားလေးများကြောင့်
သက်အောင် ဒုတ်ကြီးကလည်း မာလာသည်။
မမရဲ့ လှုပ်လီလှုပ်လဲ့ခြေလှမ်းများနှင့်အတူ ကိုယ်လုံးတီးအနေအထားကြောင့် သက်အောင်
လက်တွေခြေတွေပါတုန်လာတယ်။
ပေါက်စီသာသာမာတင်းနေတဲ့ ရင်နှစ်မွာအပေါ် မမရဲ့ဆံပင်လေးတွေကလမ်းလျောက်လိုက်တိုင်း
ဝဲကျနေတာကလည်း သူ့ရင်ခုန်သံတွေမြန်စေသည်။
မမရဲ့ ကိုယ်သင်းရနံ့လေးက သူ့ဆီနီးကပ်လာလေလေ ပိုပြီးရလာလေလေပါဘဲ။
မမက သူ့နားကိုရောက်လာပြီး သူ့ကိုမော့ကြည့်ပါတယ်။။
ဘယ်လိုလဲ..အချစ်ဆရာကြီးရဲ့…..ကိုယ့်မိန်းမကို အကြင်နာတွေမပေးတတ်တော့ဘူးလား။
ဖြုန်းခနဲရုန်းကြွလာသောစိတ်နဲ့အတူ သူ့လက်ကလည်း ပုဆိုးကိုဆွဲချွတ်လိုက်ပြီလေ။
အကျီကို ကြယ်သီးပင်မဖြုတ်တော့ဘဲ မမက သူ့လက်ဖြင့် ဗြတ်ခနဲဆွဲဖြုတ်လိုက်တယ်။
မမရဲ့ လက်ချောင်းဖြူဖြူနုနုလေးတွေက သူ့ပေါင်ခွကြားကိုလှမ်းနှိုက်လိုက်ပြီး
သူ့လိင်တံကြီးကို စမ်းလိုက်တဲ့အချိန်မှာ….။
အို..ဆိုပြီး..မမအနည်းငယ်တော့ကြောက်သွားပါတယ်..။
မရတော့ဘူးလေ…သက်အောင်က မမရဲ့ကိုယ်လေးကို စွေ့ခနဲဆွဲပွေ့လိုက်ပြီး…
အို…မမရဲ့ပါးပြင်တွေ လည်တိုင်ကျော့ကျော့လေးတွေကို နှုတ်ခမ်းနဲ့ တရစပ်
နမ်းပါတော့သည်။
မမယုယလှိုင်ကား မျက်လုံးလေးမှေးစင်းပြီး သူ့ရဲ့ယုယမှုကိုခံယူနေပါတယ်.။
သူလည်းမမကို ပွေ့ရင်းအနမ်းတွေပေးကာ မမကိုကုတင်ဆီ ပွေ့ဖက်ခေါ်လာရင်း
ကုတင်ပေါ်ကို တင်လိုက်ပြီး မမကိုယ်ပေါ်ကနေထပ်ရက်မိုးကာ…
အနမ်းမိုးတွေ တရစပ်ခြွေပါတော့တယ်။
(၂၄)
ယုယလှိုင်ကလည်း အားကျမခံပါဘဲ…
သက်အောက်ကိုဆွဲလဲလှိုက်ပြီး သူမကအပေါ်ကနေထပ်ပြီး သက်အောင်ကိုပြန်နမ်းပါတယ်။
သက်အောင်တစ်ယောက် သူမအပြုအစုတွေကြားမှာ မိန်းမောနေပါတယ်…။
တဖြည်းဖြည်းနဲ့ လျောဆင်းလာပြီး သက်အောင်ရဲ့ ရင်ဘတ်ကို သူမလျာနဲ့ မထိတထိကစားတာကြောင့်
သက်အောင်တစ်ယောက် မိန်းမောသွားတယ်။
သူ့လက်ကလည်း မမယုယလှိုင်ရဲ့ ဆံပင်တွေကြားကိုခပ်ဖွဖွလေးဆုပ်ကိုင်ထားမိတယ်။
မမယုယလှိုင်ရဲ့ ခေါင်းက သူ့ပေါင်ခွကြားကိုလျောဆင်းသွားပြီး သူမလက်နဲ့ သူ့ဘောင်းဘီတိုလေးကို
ချွတ်လိုက်ကာ…
အိုး…သက်အောင်ခါးကြီးကော့သွားပါတယ်….
သူ့ဒုတ်ကြီးတစ်ခုလုံးပူနွေးစိုစွတ်တဲ့အရသာကို ရလိုက်လို့ပါ…
မမရဲ့နှုတ်ခမ်းနှစ်လွာကြားကနေ မမပါးစပ်ထဲဝင်ရောက်သွားတာပါ…
မမရဲ့ ရှေ့တိုးနောက်ငင်ပြုလုပ်မှုတွေကြားမှာ သူစိတ်မထိန်းနိုင်တော့ပါဘူး…
မမခေါင်းကို အသာအယာ အပေါ်ကိုဆွဲယူလိုက်ပြီး…
မမကို အောက်ဖက်ပြန်တွန်းလှကာ မာထောင်နေတဲ့ မမရဲ့နို့သီးလေးကို…
ပြွတ်…ပြွတ်….အင်းဟင်းဆိုတဲ့ မမရဲ့ညဉ်းညူသံလေးထွက်လာပါတယ်။
မမရဲ့ဗိုက်သားဝင်းဝင်းလေးတွေကို လိုက်ယက်ပြီး…
မမရဲ့ပေါင်ခွကြားမှာ သူ့မျက်နှာကိုအပ်လိုက်ကာ…
အို….ယုယလှိုင် လည်ပင်းကြောလေးတွေထောင်တက်ပြီး နှုတ်ခမ်းလေးကိုကိုက်ထားလိုက်ပါတယ်..။
သက်အောင်ရဲ့ခေါင်းကိုလည်း အတင်းဆုပ်ကိုင်ထားပါတယ်။
မွေးအီအီ ညီစို့စို့ ရနံ့လေးရနေပြီး အမွေးနုနုလေးတွေဖုံးလွမ်းနေတဲ့…
မမရဲ့ ရွှေကြုပ်ပွင့်ဖတ်လေးတွေနဲ့ အတွင်းသားနုနုလေးတွေကို သက်အောင်စိတ်ပါလက်ပါ
ပြုစုပေးလိုက်တာ နှစ်မိနစ်လောက်အကြာမှာတော့..
တော်..တော်..ပါတော့…မောင်ရယ်…မမ..မမမခံနိုင်တော့ဘူး…ငိုချင်လာပြီ
ဆိုတဲ့ မမရဲ့ မူနွဲ့နွဲ့ ငိုသံပေါက်ပြီး တုန်ယင်နေတဲ့အသံလေးထွက်ပေါ်လာပါတယ်။
သက်အောင်လည်း မမရဲ့ ပေါင်ခွကြားမှ နေရာယူလိုက်ပြီး သူ့ဒုတ်ကြီးကို
မမရဲ့ ရွှေကြုတ်အ၀လေးမှာတေ့လိုက်ပါတယ်။
(၂၅)
အင့်…ယုယလှိုင် ပေါင်ကိုကားပြီး မောင့်ခါးကို မ
သူမလက်ဖြင့် မောင့်ကျောကို အတင်းဆွဲဖက်ထားပါတယ်။
အတွေ့အကြုံမရှိတာရယ်..မောင့်ဒုတ်ကြီးကကြီးတာရယ်ကြောင့်
သူမရွှေကြုတ်လေးထဲမှာ….မောင့်ဒုတ်ကြီးကပြည့်ကျပ်နေသလို..
သူမအတွင်းသားအကြောမျှင်လေးတွေကမောင့်ရဲ့ဒုတ်ကြီးကို အတင်းဆွဲစုပ်နေပါတယ်။
မမနာသွားလားဟင်…
စစချင်းမှာ အနည်းငယ်နာကျင်သလိုလိုရှိပေမဲ့ သူမအနေနဲ့ မောင့်ဒုတ်ကြီး
သူမရွှေကြုပ်ထဲကထွက်သွားမှာ စိုးရိမ်နေတာကြောင့်..
မနာပါဘူး..မောင်….ဆက်..လုပ်ပါ…
နှုတ်ခမ်းကို သူမသွားလေးဖြင့် တင်းတင်းကိုက်ထားရင်း ပြောလိုက်ပါတယ်။
သက်အောင်လည်းမညှာတော့ပါဘူး..မမရွှေကြုတ်ထဲကို သူ့ဒုတ်ကြီးကိုအစွမ်းကုန်ဆောင့်ပါတော့တယ်။
အရမ်းကို တင်းကျပ်နေပြီး မမရဲ့အတွင်းသားတွေကို သူ့ဒုတ်ကြီးကို ညှစ်ညှစ်နေတာကြောင့်
သူပါမျက်ဖြူလှန်ချင်သလိုလိုဖြစ်ပြီး အရည်တွေပန်းထွက်ချင်စိတ်ဖြစ်နေပေမဲ့..
ချစ်သောမမကို ပြီးစေချင်တာကြောင့် စိတ်ကိုထိန်းပြီး….
မမရွှေကြုပ်လေးထဲက..အရည်ကြည်လေးတွေလိုက်လာပြီ…
စွပ်..စွပ်…အ..အ…အို့အို့…
မမရဲ့..အော်သံသဲ့သဲ့လေးထွက်လာပါတယ်…
ကုတင်ကြီးကလည်း ယိမ်းခါနေပါတယ်…
အအ…မောင်..မောင်..မမရဲ့လက်တွေက သူ့ကျောပြင်ကိုကုတ်ခြစ်ပြီး
အောက်ကခါးကို ကော့ကော့ပေးလာတာကြောင့် မမယုယလှိုင်ပြီးခါနီးတာကို
သက်အောင်သိလာပြီး သူလည်းသူ့စိတ်ကို လွတ်ပေးလိုက်ကာ…။
စွပ်စွပ်..ရှီရှီး…ဘတ်ဘတ်…အအ…
မောင်..ယုယလှိုင်ရဲ့သက်အောင်ကို ဖက်ထားတဲ့လက်ကလေးတွေဟာ ပြေလျော့သွားပြီး
သူမတစ်ကိုယ်လုံး တိမ်တွေပေါ်ကို လွင့်မျှောသွားသလိုခံစားရပြီး…။
သူမရွှေကြုတ်လေးထဲက အရည်လေးတွေထွက်ကျသွားတာသိလိုက်ရတဲ့အချိန်မှာ..
ချစ်သော မောင်ရဲ့ဒုတ်ထဲက အရည်တွေဟာလည်း သူမရွှေကြုတ်လေးရဲ့
အတွင်းသားနံရံတွေကို ပန်းထုတ်နေတာကို သူမခံစားလိုက်ရပါတော့တယ်။
(၂၆)
သားရေ တီတီလေးတို့ဆီ ဆီလာဦး။
ကဲ..သားသား မင်း အန်တီလေးတို့ဆီသွားလိုက်ဦး။
ယုယလှိုင်လက်ထဲမှ ကလေးကား အန်တီနှစ်ယောက်ဆီ ပြေးသွားသည်။
မို့မို့လှိုင်နှင့် သွယ်သွယ်လှိုင်ကား တူဖြစ်သူ အောင်အောင်ကို တစ်လှည့်စီ ပွေ့ချီလိုက်ကြပြီး
ပါးပြင်ကိုတရှုပ်ရှုပ်နမ်းနေသည်။ကလေးကား(၅)နှစ်ခန့်ရှိပြီ။
ဒီနှစ်သူငယ်တန်းတက်ပြီလေ.။
စကားအရမ်းတတ်သဖြင့် သူ့အန်တီနှစ်ယောက်ကား တော်တော်ချစ်ကြသည်။
သားသမီးမထွန်းကားသော သူမတို့(၂)ယောက်လုံး၏ မိသားစုများကား တစ်ဦးတည်းသောတူဖြစ်သူကို
အချစ်ပိုကြတာမဆန်း။
ဒီနေ့သူမတို့နှစ်ဦး မမယုယလှိုင်အိမ်သို့ လာလည်လိုက်ကြခြင်းဖြစ်သည်။
သူမတို့လာချိန်မှာ သက်အောင်က အလုပ်သွားနေသည်။
ကဲ…သားရေ..အန်တီလေးတို့ကိုချစ်လား…။
ချစ်တာပေါ့..တီတီရဲ့…သွယ်သွယ်လှိုင်ကား ကလေးကို ပွေ့ချီရင်းမေးလိုက်သည်။
ဒီကအန်တီလေးကိုရော…ချစ်..မိုးလောက်ကြီးချစ်…။
စကားတတ်လိုက်တဲ့ကလေး။
ကဲ…အန်တီနှစ်ယောက်…တူကိုဘဲချစ်မနေကြနဲ့ဦး..ရောက်တုန်းထမင်းစားပြီးမှပြန်ကြ..
စိတ်ချမမကြီးရေ…စိတ်ချ…
တူဖြစ်သူကို တစ်ဖက်တစ်ချက်စီမှ လက်တွဲပြီး သူမတို့နှစ်ယောက်က မမကြီးအိမ်ထဲသို့
ဝင်သွားကြလေတော့သည်။
ထိုအချိန်မှာ… အိမ်အပြင်လမ်းမပေါ်မှ ထီရောင်းသောကားတစ်စီး..ဖွင့်လိုက်သောသီချင်း
သံကသူမတို့နားထဲကို လွင့်ပျံ့လာလေသည်…။
ဘယ်ရည်းစားကို အချစ်ဆုံးဆိုတာ ပြောပြပါမောင်ရယ်..ကျွန်မသိပါရစေ…
အသည်းလေးတောင်ခုန်တယ်..နှစ်ယောက်ထဲသိတဲ့အချစ်ကလေးပါကွယ်..
အတူသွား..အတူလာ..ဟိုယခင်အတိတ်ဘ၀ကလေးတွေလှပတယ်..မောင်ရယ်။
လှိုက်ဖိုမောင်နှံ..ချစ်တေးသွား………။
သီချင်းသံကြောင့် မို့မို့လှိုင်နှင့်သွယ်သွယ်လှိုင်ရဲ့ ခြေလှမ်းများ အနည်းငယ်တုံ့ဆိုင်းသွားသည်။
ကဲကဲ..လာလာ..မမကြီးကား ပြင်ထားသောထမင်းဝိုင်းဆီသို့ သူမတို့(၂)ဦးကို
ခေါ်သွားလေတော့သည်။
(မမကြီးယုယလှိုင်လား၊ အလတ်မ သွယ်သွယ်လှိုင်လား..ညီမလေးမို့မို့လှိုင်လား သူမတို့ ၃ ယောက်ထဲတွင် ဘယ်သူ့ကို အချစ်ဆုံးဆိုတာကတော့ သက်အောင်တစ်ယောက်သာလျှင်သိနိုင်ပေမည်။)
ပြီးပါပြီ
——
ဝင်ရောက်ဖတ်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်။